..စမ်းသပ်ခြင်းဖြစ်နေလို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ
glitter-graphics.com
Showing posts with label weds. Show all posts
Showing posts with label weds. Show all posts
Monday, February 11, 2013
ဘလောက်ဂါသမားများတွက်နည်းပညာအပိုင်းစ
ဘလောက်ဂါများအတွက် အသုံးတည့်မှာလေးတွေ
သူငယ်ချင်းတို့ရေ
မဟာဂုရုကြီးတွေတော့မပါဘူးပေါ့ ကိုယ့်လို ဘလောက်ဂါပိစိကွေးတွေ အတွက် ဘလောက်မှာလိုတာလေးတွေလုပ်ဖို့ ရှာဖွေတွေ့တာလေးတွေ ပေးလိုက်တယ် သုံးကြည့်အဆင်မပြေတော့လည်း မေတ္တာပို့ကြပေါ့
စာတမ်းတွေပြေးခိုင်းမလား ဒစ္စကိုကခိုင်းမလား Codes လိုချင်ရင်
 ဒီကိုသွားပါ
HTML ထဲမှာဖြစ်ဖြစ် Gadget ထဲမှာဖြစ်ဖြစ်လိုအပ်တဲ့ ကာလာ Codes ကိုယူမှာရယ် မကျေနပ်လို့ ကိုယ်ကြိုတ်တဲ့အရောင် ကိုယ်စပ်ချင်တာရော 
ဒီကိုသွားလိုက်ပါ
ဘလောက်မှာ Player ကို icon လေးနှင့် အလန်းလေးလုပ်ချင်ရင် 
ဒီကိုသွားပါ
နောက်ထပ် သုံးလို့ကောင်းတယ် သီချင်းတွေ ဗွီဒီယိုတွေ ဓါတ်ပုံတွေကို အကောင့်ဖွင့်ပြီး တင်လို့ရတယ် player နှင့် Embed codes ပါရတယ် Free storage ပါပေးတာလိုရင် 
ဒီကိုသွားပါ
ခဏခဏ ဘလောက်ကို လူအ၀တ်လဲသလို Template လဲတက်တဲ့ သူငယ်ချင်းများ 
ဒီကိုသွားလိုက်ပါမကြိုတ်သေးရင် နောက်ထပ်သွားမွှေရမှာက ဒီမှာပါ
အလံတွေ ရုပ်ပုံတွေ Animations အဖြစ်အဆင်သင့် Free လိုချင်ရင် 
ဒီကိုသွားလိုက်ပါ
ထပ်ရှာချင်ရင် 
ဒီမှာ
ကီးတွေဘာတွေကို ဘာညာသာရကာလုပ်ခြင်ရင် သဘောကောင်းတဲ့ Hacking ပညာရှင်တယောက်လုပ်ထားတဲ့ နေရာလေးတခုက 
ဒီမှာပါ
ပရုပ်ဆီ လိမ်းချင်လဲ ဒီကိုသွားလိုက်ပါ အခြင်းခြင်း လိုက်မဆဲကြေးနော် :P
အားလုံးကိုခင်လျှက် အွန်လိုင်းပေါ်မှ လိုက်ဖွယင်း ပြန်လည်ဝေမျှလိုက်ပါတယ်။ကိုဂေါ်လီ
Sunday, December 9, 2012
Multi Color Advanced Css3 Menu
ကဲမိတ်ဆွေတို့ သဘောကြ နှစ်သက်မယ်လို့ မျှော်လင့်ရင်း  menu လှလှလေးတခု တွေ့တာနဲ့
ပြန်လည် မျှဝေလိုက်ပါတယ်နော်.. လုပ်နည်းနဲ့ ကုဒ်တွေကို အောက်မှာ သေခြာ လေ့လာ လိုက်ပါ..
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Expand  Widget  Template  ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
Thursday, December 6, 2012
Myanmar Hacker Evolution
Myanmar Hacker ဆိုတာနဲ့ပတ်သတ်ရင် တော်တော်များများက Blink Hacker Group ကိုပဲ ပြေးမြင်ကြတယ် ဟုတ်ပါတယ် Blink Hacker Group ကို ဘယ်လိုပဲ မြင်မြင်သူတို့ရဲ့လုပ်ရပ်တွေ ဟာ ဘာတွေပဲဖြစ်ဖြစ် သူတို့ဟာ Myanmar Hacker Evolution ( မြန်မာ ဟက်ကာ အုံကြွမှု ) အပေါ် အတော်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာပဲ.။
တကယ်တော့ BHG မပေါ်ခင်ကတည်းက မြန်မာ ဟက်ကာတွေရှိခဲ့တာပဲ ။ Planet Creator တို့ YEHG ( YGN Ethical Hacker Group ) တို့ လို Hacker Group တွေလည်း ရှိခဲ့တာပဲ ။
  ပြီးတော့ YEHG ကို DDos တိုက်လို့ ပြဿနာတွေ တက်ကုန်တာမျိုးလို Hacker တိုက်ပွဲတွေလည်း ရှိခဲ့ဖူးတာပဲ ။ MMSO လို Hacker          Forum သီးသန့် မဟုတ်သော်လည်း Hacking & Security Forum တွေရှိခဲ့တာပဲ ။ မဇ္ဈိမ ကို DDos တိုက်ခဲ့ပြီး Cyber War အသွင် လုပ်တာလည်း ရှိခဲ့ဖူးတာပဲ ။ ဒီအထိ Hacker Evolution ( ဟက်ကာ အုံကြွမှု ) ဆိုတာမျိုးဖြစ်မလာသေးဘူး ။
၂၀၁၂ Anonymous , Wikileaks , lulz တို့ကျေးဇူးနဲ့ ကမ္ဘာလုံးဆိုင်ရာ Hacker အုံကြွမှုကြီးက မြန်မာနိုင်ငံကို ရိုက်ခတ်လာတယ်လို့ပဲ ပြောရမလား . ?? Blink Hacker Grop ဆိုပြီး အဖွဲ့အစည်း တစ်ခု ပေါ်လာတယ် ။ စလာတုန်းကတော့ စစ်အစိုးရနဲ့ပတ်သတ်တဲ့ မီဒီယာ တွေကို တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်လူငယ် Website ကို စတင် တိုက်ခိုက်ခဲ့တယ် ။ YTP ကို DDos နဲ့ တိုက်ခိုက်တယ်လို့ ကြေညာခဲ့တယ် ။ ဒီမှာပဲ နည်းပညာသမားတော်တော်များများအပြင် နိုင်ငံရေးသမားတွေ အခြား နည်းပညာ နယ်က မဟုတ်တဲ့လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ် ။ နည်းပညာနယ်ပယ်ရဲ့ အပြင်ဘက်က လူတွေရဲ့ ဦးနှောက်ထဲမှာ မြန်မာဟက်ကာ ဆိုတဲ့ အတွေးအခေါ်တစ်ခုကို ထည့်ပေးခဲ့တယ် ။
BHG စတင်တည်ထောင်ပြီး 1st Generation အဆုံးသတ်ခါနီးမှာ Myanmar Hacker Forum တစ်ခု တည်ထောင်ဖို့ကြိုးစားကြတယ် ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်  အဲ့ဒီ့ဖိုရမ် ပြီးဆုံးမသွားဘူး ။ ဒီတော့ ပထမဆုံး မြန်မာ ဟက်ကာ ဖိုရမ်ကို  ပြောဆိုရင် အဲ့ဒီ့ ဖိုရမ်ကို ပြရလိမ့်မယ် ။ အောင်မြင်တာ မအောင်မြင်တာ က  တစ်ကြောင်းပေါ့ ။
BHG 1st Generation က Myanmar Website တွေကို စတင်တိုက်ခိုက်နေတဲ့အချိန်မှာပဲ Myanmar Hacker University ဆိုပြီး wall.fm အခြေစိုက် ဆိုဒ်တစ်ခု ထွက်လာပါတယ် ။ BHG ထက်စာရင် သူတို့က ပိုပြီး Open ဖြစ်ပါတယ် ။ သို့သော်လည်း  ပညာအဆင့်အတန်းမှာတော့ နိမ့်ကျပါသေးတယ် ။ အားရစရာကောင်းတာတစ်ခုကတော့  စည်းလုံးမှုပါပဲ ။ သူတို့ အလွန်စည်းလုံးပါတယ် ။ ကျွန်တော့်အမြင်မှာ  ရိုင်းပင်းတယ် လို့ မြင်တယ် ။ နောက်ပိုင်း သူတို့ Myanmar Hacker Forums ဆိုပြီ Hack Forums တစ်ခု တည်ထောင်လိုက်ပါတယ် ။ ပထမဆုံး မဟုတ်သော်လည်း Active အဖြစ်ဆုံး အကြီးမားဆုံး ဖိုရမ်လို့ ပြောရပါလိမ့်မယ် ။
ဒီလိုနဲ့ BHG 1st Generation ပျက်စီးသွားပါတယ် ။ သူတို့ အဖွဲ့ဖျက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ  Myanmar Cyber Army ဆိုတာ ပေါ်လာပြီး Myanmar Website တွေကို တိုက်ခိုက်ပြန်တယ် ။ ဒါ နည်းနည်းတော့ တိုက်ဆိုင်မှုက ကြီးမားသလို  ခံစားရပါတယ် :-P
သိပ်မကြာပါဘူး Blink Hacker Group ကပဲ 2nd Generation အဖြစ် လုံခြုံရေးအရ အားနည်းသော မည်သည့် Website ကိုမဆို တိုက်ခိုက်မယ်ဆိုပြီး ပြန်လည် ထွက်ရှိလာပါတယ် ။ ဒီအချိန် Myanmar Hacker Uniteam ဟာ လူသိများခြင်းမရှိသေးပါဘူး ။ ဒီအချိန်မှာ Operation BD ဆိုတဲ့ Operation တစ်ခု Myanmar Uniteam က စတင်ခဲ့ပါတယ် ။ Myanmar Hacker Uniteam က လူတွေ BD Website တွေကို တိုက်ခိုက်နေချိန်မှာ BHG ဟာ Myanmar Website တစ်ခုကို တိုက်ခိုက်ပြီး BD Hacker တွေကို Greetz လုပ်ခဲ့လို့ အညိုငြင်ခံခဲ့ရပါသေးတယ် ။
ရိုဟင်ဂျာကိစ္စမှာတော့ Myanmar Hacker Uniteam , BHG အပါအ၀င် မြန်မာဟက်ကာအရေးလှုပ်ရှားသူတော်တော်များများ စုစည်းမိလာပါတယ် ။  ဘင်္ဂလားဒေ့ရှ် Website တွေကို တိုက်ခိုက်ရင်း ဆန္ဒပြုကြပါတယ် ။ အခြား နည်းပညာသမားတွေအပြင်  နည်းပညာအပြင်ဘက်ကလူတွေပါ Hacking နဲ့ပတ်သတ်တဲ့ Information တွေ Source တွေကို မြန်မာလိုသော်လည်းကောင်း မျှဝေခြင်းများဖြင့်  လွယ်လွယ်ကူကူရရှိလာပါတယ် ။ ဥပမာ DDos လိုဟာမျိုးပေါ့ အတိအကျ အသေအချာတွေမသိသော်လည်း DDos ကို ခြုံသိလာတယ် DDos Tool တွေအကြောင်းသိလာတယ် ။ Myanmar Cyber Army ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Hacktivist တော်တော်များများ စုဝင်လာတယ် ။
ဒီတော့ ခြုံကြည့်ရင် BHG ဟာ နည်းပညာ သမားတွေအပါအ၀င် နည်းပညာနယ်ပယ်အပြင်ဘက်ကလူတော်တော်များများရဲ့ ခေါင်းထဲကို မြန်မာဟက်ကာဆိုတဲ့ စကားလုံးရိုက်သွင်းပေးနိုင်ခဲ့ပြီး MM Hack Forums ကတော့ ပညာတွေမျှဝေတဲ့နေရာမှာ အဓိကကျလာပါတယ် :)
copy from Ghostarea.net 
pyqe phyo
IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ?
ဒီဟာကတော့ ရိုးရှင်းတဲ့ အခြေခံ NETBIOS Post တစ်ခုဖြစ်ပြီး ဒီ post မှာတင်ထားတဲ့ အချက်အလက်တွေကို aCId_rAIn ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ post ကနေပြီး သင့်ကို NETBIOS အကြောင်း ကို ဖော်ပြပေးမှာဖြစ်ပြီး ၄င်းက ဘာလဲ ၊ ၄င်းကို ဘယ်လိုအသုံးပြုနိုင်သလဲ ၊ ၄င်းနဲ့ ဘယ်လို hack နိုင်သလဲ ဒါ့အပြင် သင့်အတွက် နောင်တချိန်မှာ အသုံးဝင်လာနိုင်တဲ့ ရိုးရှင်းတဲ့ DOS comment များအကြောင်းပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ hacking ကို စတင်လေ့လာသူများအတွက်သာ...
ကွန်ပျူတာအသုံးပြူခြင်း နှင့် ကျန်းမာရေး
ကွန်ပျူတာအသုံးပြူခြင်း နှင့် ကျန်းမာရေး ခေတ်မှီတိုးတက်နေတယ့်ခေတ်ကြီးမှာ လူကြီး လူငယ်မရွေး နေ့စဉ် ကွန်ပျူတာနယ့် ထိတွေ့ကိုင်တွယ် လုပ်ကိုင်နေရပါတယ်။ အဲ့ဒါကြောင့်မျက်စိထိခိုက်မှူတွေဖြစ်ပွားမှုများလာတယ်ဆိုတာမစမ်းပါဘူး။ [ မျက်စိထိခိုက်မှုများမဖြစ်စေရန်နည်းလမ်းကောင်းလေးများ ] (၁) သင်ကွန်ပျူတာသုံးချိန်မှာ သင့်၏မျက်စိနယ့် ကွန်ပျူတာကို လက်တစ်ပြန်အကွာမှာ ထားပြီး ကွန်ပျူတာကို သုံးနိုင်ပါတယ်။ (၂) သင်ကွန်ပျူတာကိုင်တွယ်အသုံးပြူနေတယ့် အခန်းတွင် အလင်းရောင်ပြန့်နေအောင်...
TinyMCE ajaxfilemanager remote File Upload Vulnerability
TinyMCE ajaxfilemanager remote File Upload Vulnerability ဟက်ကင်းလေ့လာချင်တဲ့ကိုကိုမမတွေကို ဒီ Website Hacking လေးတွေပေးချင်ပါတယ်။ ဟိဟိ။ မကောင်းတဲ့နေရာမှာမသုံးနဲ့နော်။ ကြိုမှာထားတာ။ Deface အုပ်ဖို့ နည်းနည်းအပေါက်လေးတွေလေ။ ဒီနည်းလေးက ဟောင်းနေပါပြီ။ ကဲကဲ။လုပ်နည်းကတော့...ဘယ်လောက်မှမခက်ပါဘူး။ inurl:tinybrowser/upload.php ကိုအတိအကျ အဲ့ဒီdork ထည့်ပါ။ www.google.com ရဲ့Search box မှာထည့်ပါ။ အစိမ်းရောင်နဲ့ရေးထားတဲ့ dork ကိုအတိအကျကူး...။ Google မှာ...
Free Proxy List [3/12/2012]
Free Proxy List [3/12/2012] , proxy list , free proxy list , proxy , proxy and port list , free proxy and port list ကျွန်တော်ခု proxy နဲ့port တွေအကုန် share မယ်။ ကျွန်တော်ဝင်မရတဲ့ဆိုဒ်တွေအများကြီး။ ခင်ဗျားတို့လည်း ၀င်မရတာရှိမှာပေါ့။ အဲ့ဒီတော့ နိုင်ငံခြားကလူတွေကို ခိုင်းစရာမလိုတော့ဘူး။ ပြီးတော့ ကိုယ်ယောင်အနည်းငယ်ဖျောက်ဖို့အတွက်အရမ်းကောင်းမှာပေါ့။ အလကားရတာ share မယ်။ password နဲ့ username မလိုပါ။ အရမ်းသုံးလို့ကောင်းမယ်လို့ ခင်ဗျားသတိထားမိမယ်။...
ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ
ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ Typical Data Usage  အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုရင်...
“ဘာကတိကိုမှမတည်ချင်ဘူး၊နင့်ကိုပဲချစ်တာ” [၀တ္ထုတို]
“ဘာကတိကိုမှမတည်ချင်ဘူး၊နင့်ကိုပဲချစ်တာ” [၀တ္ထုတို] “ဘာကတိကိုမှမတည်ချင်ဘူး၊နင့်ကိုပဲချစ်တာ”[၀တ္ထုတို] အကြောင်းကတော့ ဒီလိုပါ။ ကျွန်တော်ဖြစ်ရပ်မှန်ကိုရေးထားတာပါ။ ကြားကြားချင်းကတော့ သေအောင်လန့်သွားပါတယ်။ နောက်တော့လည်း သူမပြောတာကိုဆက်နားထောင်ဖြစ်တာပေါ့။ အဖြစ်ကတော့ ဒီလိုပါ။ ကျောင်းမှာ ရည်းစားထားတော့ကောင်မလေးက ကောင်လေးကို ကြိုက်တာ မိဘက သိတော့ ကျောင်းကို ၁နှစ်လောက်ထုတ်လိုက်တာပေါ့။ အခန်းထဲမှာဘယ်လိုနေမလဲဆိုတာကိုသိချင်ရင် ပိုဖတ်လိုက်ပါဦးနော်။ အားပေးပါဦး။ Click...
The Sims 3 [Keygen]
the sims 3 keygen razor1911 , the sims keygen , The Sims 3 [Keygen] ကျွန်တော်ခုတင်မှာက The Sims 3 ကို install လုပ်ရင် လိုအပ်တဲ့ Keygen ပေးမှာပါ။ ပိုစ့်လည်းမရေးတာကြာပါပြီ။ ခုတောင်မနည်းညှစ်ရေးနေရတာလေ။ အဲ့ဒီ keygen က သူများ share တဲ့ keygen နဲ့မတူပါဘူး။ အပြင်ဆိုဒ်က share တာက survey ဖြေခိုင်းသေးတယ်။ တကယ်ညှစ်တယ်။ ခုတော့ လွယ်လွယ်ကူကူဒေါင်းရအောင်ပေးထားမယ်။ Skip Ad ကို click ရတာသည်းခံလိုက်ပေါ့။ :P .ဟိဟိ။ ဒီလိုအောက်ကပုံလေးတက်လာမယ်။ အရိုးခေါင်းနဲ့ကောင်က...
မြန်မာနိုင်ငံ၏ အင်တာနက်စနစ်
မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်မှု စနစ်မှာ ၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT အမည်ဖြင့် အင်တာနက် ဝန်ဆောင်မှုများအား စတင်ရောင်းချခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသည့် အင်တာနက် ဝန်ဆောင်မှု အမျိုးအစား အနေဖြင့်လည်း Dail Up Connection မျိုးဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဥရောပအာရှ ရေအောက် ဖိုက်ဘာဆက်ကြောင်း ပြီးစီးသွားသည့် အတွက်ကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပိုမိုကောင်းမွန်သည့် အင်တာနက် ဝန်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း...
အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ် ရန်ကုန်မြို့တွင် အခမဲ့ လာရောက်ဖျော်ဖြေမည်
 အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ်သည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်တွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သူ၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ''အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ များစွာသော အသိအမှတ်ပြုမှု၊ အလေးထားမှုတွေနဲ့အတူ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်။ ကွဲပြားမှုရှိတဲ့ ဖျော်ဖြေပွဲတစ်ခုလုပ်နိုင်ဖို့ မျော်လင့်ထားပါတယ်'' ဟု လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် လာရောက်ဖျော်ဖြေမည့် ဂရမ်မီဆုရှင် အဆိုတော်...
iPhone 5 ဈေး ကျပ်တစ်သိန်းဝန်းကျင် ကျဆင်း
iPhone 5 ဟန်းဆက်ဈေးနှုန်းများမှာ ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ပြီး နှစ်လနီးပါးအကြာတွင် ကျပ်တစ်သိန်း ၀န်းကျင်စီ ကျဆင်းလာကြောင်း သတင်းရရှိသည်။ စမတ်ဖုန်းအမျိုးအစားဖြစ်သော iPhone 5 ဈေးနှုန်းများမှာ ဈေးသိသိသာသာ ကျဆင်းလာသော်လည်း ၀ယ်လိုအား တက်မလာဘဲ    အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။ အောက်တိုဘာလ ၂၄ ရက် တွင် ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်သို့ စတင်ရောက်ရှိလာခဲ့စဉ်က iPhone 5 ဈေးနှုန်းများသည် 16GB, 32GB,...
Related Posts Plugin for WordPress, Blogger...